Friday, August 10, 2018

လင်မယားဖြစ်ရခြင်း အခြေခံအကြောင်းရင်း(၂)မျိုး

၁ - ပုဗ္ဗသန္နဝါသ - ရှေ့ဘဝ ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏ ။

၂ - ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့်
သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်းကြောင့် လင်မယားဖြစ်ရ၏ ။


အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက ...

သမ္မသဒ္ဓါ - သဒ္ဒါတရားချင်းတူညီ

သမသီလာ - အကျင့်ချင်းလည်းတူညီ

သမစာဂါ - စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ

သမပညာ - အယူအဆ ၊ အတွေးအခေါ် ၊ ပညာချင်းလည်း တူညီမည်
ဆိုပါက ဤ လင်မယား သည် ယခု ဘဝတွင် ကွဲကွာခြင်း မရှိသည့်
အပြင် ယခုလက်ရှိဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင်


၁ - အကျိုးစီးပွား တိုးတက်ခြင်း

၂ - ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း

၃ - ရန်သူများ မနှိပ်စက်နိုင်ခြင်း

၎ - မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း

စသည့် အကျိုးတရားများကို ရရှိနိုင်ပေသည်ဟု မြတ်စွာဘုရားရှင်
 ဟောကြားတော်မူခဲ့ပေသည်။