ယူဇနာပေါင်း ၂သိန်း၎သောင်း အထုရှိသော
မဟာပထ၀ီမြေကြီးသည် အမေ့မေတ္တာ
ကျေးဇူးတရား နှင့် နှိုင်းယှဉ်လျှင် ၀ါးရွက်ငယ်မျှသာရှိသည်။
.
ယူဇနာပေါင်း ၈သောင်း၎ထောင် အမြင့်ဆောင်သည့်
မြင့်မိုရ်တောင် သည်လည်း မိခင်၏ မေတ္တာနှင့် တိုင်းတာပါက
နွား၏ ဦးချို ပမာမျှသာ ရှိကြောင်း မြတ်စွာဘုရား က ဖော်ညွှန်းပြသခဲ့ပါသည်။
.
အမိ အဖ တို့ အား ပြု စုလုပ်ကိုင် ကျွေး မွေး ကျေးဇူးဆပ်သူ သားသမီး တို့ အနေနှင့် ပြစ်ဒဏ် (၁၀) မျိုးမှ လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း
မြတ်စွာဘုရား က နှုတ်မြွက် ဟောကြားခဲ့ပါသည်။
ယင်းပြစ်ဒဏ် (၁၀ ) မျိုးမှာ…………
(၁) ပြင်းထန်ဝေဒနာ မခံစားရ ခြင်း၊
.
(၂) ပစ္စည်းဥစ္စာ မဆုံးရာ ခြင်း၊
.
(၃) ကိုယ်လက်အင်္ဂါ မဆုံးရာ ခြင်း၊
.
(၄) အနာရောဂါမကျရာ ခြင်း၊
.
(၅) ရူးသွပ်ခြင်းငှာ မရောက်ရာ ခြင်း၊
.
(၆) မင်းဘေးပြစ်ဒဏ် မခံရာ ခြင်း၊
.
(၇) စွပ်စွဲခံရခြင်းငှာ မရှိရာ ခြင်း၊
.
(၈) ဆွေမျိုးဥာတကာ မပျက်ရာ ခြင်း၊
.
(၉) စည်းစိမ်ရတနာ မဆုံးရာ ခြင်း၊
.
(၁၀) မီးဘေးကင်းကွာ မသင့်ရာ ခြင်း၊
.
အမိ ၊ အဖ ကျေးဇူး အထူးသိကြပါစေ။
.