(ဓမ္မလား၊ အဓမ္မလား)
ခြေလှမ်းတစ်ရာနဲ့သွားရင် ပန်းတိုင်ရောက်မယ့်ခရီးမှာ
ဘယ်ခြေလှမ်းက အရေးကြီးဆုံးလဲလို့ မေးလာရင်
ခြေလှမ်းတစ်ရာလုံးဟာ အရေးကြီးတာပါပဲ။
ပထမခြေလှမ်းမသွားသေးဘူးဆိုရင်
ဒုတိယခြေလှမ်းကို ဘယ်လိုလှမ်းထွက်ရမလဲ။
ဒုတိယခြေလှမ်းမရှိဘူးဆိုရင်လည်း တတိယမြောက်
ခြေလှမ်းဟာ ရှိလာမှာ မဟုတ်ဘူး။
အဲဒီခြေလှမ်းတွေမရှိလို့ရှိရင် ၁၀၀ မြောက်
ပန်းတိုင်ရောက်မယ့် ခြေလှမ်းရော ရှိနိုင်ပါ့မလား။
ဘယ်ခြေထောက်ကို စလှမ်းရမလဲလို့
စဉ်းစားနေမယ့်အစား စတင်ခြေလှမ်းလိုက်မှသာ
ပန်းတိုင်ကိုရောက်ရှိမှာဖြစ်တယ်။
.
.
.
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
[First weekly ဂျာနယ်]
Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm