Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts
Sunday, August 26, 2018
တွေးဆစရာ
ဓမ္မနဲ့ အဓမ္မကို သိတန်ရာလျက် နှလုံးသွင်းမမှန်ပါလျှင် ဘ၀နေ၀င်ချိန်တိုင်းမှာ သံသရာ ၀ဋ်ဆင်းရဲဒုက္ခကို ခါးသီးစွာ ခံစားနေရအုံးမှာပါဗျာ။  အခါအခွင့်သင့်ချိန်မှာ တရားနှလုံးသွင်းနိုင်မှ ဘ၀သံသရာဆုံလည်နွား လည်ပတ်နိုင်မှု အား လျော့လာမယ်လို့ ယူဆထားတာပါ။   အနည်းဆုံးတော့ ကိုယ်တိုင် ထိထိမိမိ မကျင့်သုံးနိုင်သေးရင်တောင်မှ  တရားအသိဖြန့်ဝေရင် မင်္ဂလာတရားတော်နဲ့အညီ နေထိုင်တာပဲလို့ စိတ်ဖြေပြီး အသိတရားဝင်စေမယ့် အမှန်တရားတွေကိုသာ  မပြတ် မျှဝေခံစားလျက်ရှိပါတယ်။
         လောကမှာ နေရသမျှဟာ  သေရဖို့ပဲ ဦးတည်နေလေတော့  အသိအမြင် နိမ့်ပါးခဲ့ရင် သံသရာလမ်းကြောင်း တိမ်းစောင်းရချေလိမ့်မယ် ဆိုတာ နှလုံးမူနေခဲ့မိပါတယ်။ သို့သော်  မနုဿတ္တဘာဝေါ ဒုလ္လဘော ကို  မေ့လျော့ပေါ့ဆပြီး  တစ်ဘ၀ သာရေးကို ကြိုးစားမိနေတဲ့အခါမှာ  ဘ၀နာရေးဟာ ကျွန်တော့်ခေါင်းပေါ် တည့်တည့်မှာ ရှိနေတယ် ဆိုတာ ပြန်လည်ချင့်တွေးမိရင်  ခေါင်းနပမ်းကြီးစရာကြီးပါ။  မကြောက်တတ်သူကို သတ္တိရှိသူလို့ ခေါ်နိုင်မလား။  .......... ခေါ်နိုင်မည်မဟုတ်ပါ။
      ဓမ္မပဒမှာ ဤသို့ ဆိုပါတယ် . . .
သတ္တ၀ါတို့သည် ချမ်းသာကို အလိုရှိကုန်၏။
မိမိ၏ချမ်းသာကိုရှာလျက် သူတပါးတို့ကို တုတ် လှံတံဖြင့် ညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို မရလေ။
...ထိုတရားတော်ပါ တုတ် လှံတံဖြင့် ညဉ်းဆဲသည် ဆိုခြင်းကို အခွင့် အာဏာဖြင့် မတရား ညှဉ်းဆဲခြင်းလို့လည်း ကောက်ယူနိုင်မှာ ဖြစ်ပါတယ်။  
ရှေးဘုန်း ရှေးကံ  ယခုကံတို့ကြောင့် လက်ရှိပစ္စက္ခဘ၀မှာ အခွင့် အာဏာတည်ကြောင်း တရားသည် ဖြစ်ထွန်းပေါ်ပေါက်လာရသော်ငြား  ထိုအခွင့် အာဏာသည် ရေပွက်ပမာ တစ်သက်လျာလည်းမဟုတ်ပါလေ။ လောကစည်းစိမ်ဟုလည်း ဆိုနိုင်မည် မဟုတ်ပါ။  ကမ်းနားမှ သစ်ပင်မို့  လောကဓံ ရေစီးကြမ်းကို အဘယ်မျှကြာအောင် တောင့်ခံနိုင်ပါမည်လဲ။  တောင့်ခံနိုင်ဖို့ တရား လိုအပ်နေပါပေတယ်။  အသိအမြင်ကြွယ်တဲ့ တရားရှင်တွေ  လောကမှာ လိုအပ်နေပါတယ်။  ကျွန်တော်တို့ ကြိုးစားကြရပါမယ်။  မရရင် အရှုံး (အရင်း မဟုတ်)  ရရင် အမြတ်ပါ။
      မုဟုတ္တမပိ စေ ၀ိညူ၊
      ပဏ္ဍိတံ ပယိရုပါသတိ။
      ခိပ္ပံ ဓမ္မံ ၀ိဇာနာတိ၊
      ဇိဝှါ သူပရသ ယထာ။     ။
Sunday, June 18, 2017
ဆယ်လ်မွန်ငါးတို့ အပြန်
ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်... မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်..
ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။
ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ.....
အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။
တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်...ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေဥပ်ါချလိုက်တယ်.. အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ၎င်းရဲ့ ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်..အထီးဖြစ်သူကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်..။
အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ (၃)လမှာ ဥမှထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီးရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ် အနီးနားမှာပြန့်ကြဲနေပါပြီ။ ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ တွားသွားပြီး အစာအဖြစ် မိခင်ရုပ်ကြွင်းအသားမျှင်လေးများကို စားကြရပါတယ်။
အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေအောက်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာသေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက်အပြင် တခြားသောဆယ်လ်မွန်ငါးတွေအတွက် အစာအဖြစ်ပေးဆပ်ပါတယ်။
ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ။
ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက်ပေးဆပ်ဖို့ ပညာပေးကြပါတယ်။
.
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်...ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ်တဲ့...
ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ...ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ...
တကယ်ဆိုဆယ်လ်မွန်ငါး တွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ...
ဘယ်နေရာပဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို မေ့မသွားဘူးလေ...ရောက်အောင်ပြန်ကြတယ်...
ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ...
မြစ်ချောင်းတွေဟာ အမြင့်မှာ...ပင်လယ်က ဟိုးအနိမ့်ဆုံးမှာ...
အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံးနေရာဆီကို ဆန်တက်ကူးခတ်ပြီး
 ပြန်ကြရတာလေ...
သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက 
အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်...ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ အများအပြား...
ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်...ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်...အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ...
ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်...ဆည်တွေဖို့လိုက်တာမျိုး...မြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့...အဲ့လိုနေရာတွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး...
ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့...ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...
အိမ်ပြန်ရတာ အဲ့သလောက်ပဲ ခက်ခဲသလား...
အိမ်အပြန်လမ်းဟာ အဲ့သလောက်ပဲ ကြမ်းတမ်းသလား...
အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား...
အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တစ်ပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား...
အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့...။
ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး မိမိတို့မျိုးဆက်
အတွက် ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။
Credit to>>>;Ko Pyi Soe
မရပ်နဲ့ ... ဆက်လျှောက် !
.....ကမ္ဘာမှာ Nokia ကျရှုံးသွားတာ 
လူတိုင်းသိပြီးသား ဖြစ်မှာပါ။
....သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့ 
စကားလေးက သိပ်ကောင်းတယ် ။
....တွေးစရာ ကောင်းတယ် ။
We did't do anything wrong ,
but somehow we fall. 
"ငါတို့ အမှားမလုပ်ခဲ့ဘူး
 ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်" ။
#Rajeev Suri (CEO Nokia) 
....တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့
ဘာအမှားမှ မလုပ်ဘူး ....။
....ကိုယ့် Skill တွေလည်း မလျော့သွားဘူး ။
....ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ 
ယနေ့ခေတ်ကြီးမှာ ....,
" အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို
Nokia  က သက်သေပြလိုက်တာပဲ 
အသစ်အဆန်းတွေ့ ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့ 
ကိုယ့် Skill ကို ဒိထက်တိုးအောင် လုပ်ဖို့
လိုလာပါပြီ ။
....ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ အောင်မြင်မှု
မှတ်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင်
ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပြီး နင်းနေရမှာပဲ ။
 ....မနင်းပဲ ဆက်မလေ့လာတော့ဘဲ ကိုယ့် Skill 
တိုးလာအောင် ဆက်မလုပ်တော့ရင်တော့ စက်ဘီး
မှောက်သွားမှာပေါ့ ။
.....ဒါကြောင့်ဘဝမှာ အပြောင်းအလဲတွေက ရှိနေ
ကြုံနေရမှာပါပဲ ။
.....ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့
ကိုယ့်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။
That's why , want to be apro in one realm,
 we need to try to improve our skill
as well as not to stop our Learning .
....နယ်ပယ်တစ်ခုမှာ Pro တစ်ယောက်
ဆရာတစ်ဆူလိုဖြစ်ချင်ရင်တော့ သင်ယူခြင်းကို 
မရပ်ပစ်ဖို့ လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်း
တိုးအောင် ကြိုးစားဖို့ လိုပါတယ်။
#Credit
မန္တလေးစာကြည့်တိုက် ဇော်ဇော် Page
အဖေ
အဖေ
****
အဖေဆိုတာ
ပုခတ်လွဲတဲ့ လက်မဟုတ်ခဲ့ပါဘူး
ဒါပေမယ့် လွှဲဖို့ ပုခတ်ဆင်ပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို့  အနားမှာနေ အချိန်ပြည့်ဂရုမစိုက်ပေး
 နိုင်ခဲ့ပေမယ့် အမေ့ရဲ့ဂရုစိုက်မှုကို အချိန်ပြည့်ရအောင်
ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို သားသ္မီးအပေါ် ကြင်နာမှုကို အပြင်ထုတ်ပြီးမချစ်ပြခဲ့ပေမယ့် အမေတစ်ယောက်ထက် မလျော့တဲ့အကြင်နာမေတ္တာတာတွေ ရင်ထဲမှာ အပြည့်ရှိနေခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို ဖိုးလမင်းဆီက ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ တောင်းမကျွေးခဲ့ပေမယ့် သားသ္မီးကိုကျောအပေါ်တင် ဆင်ကြီးတစ်ကောင် မြင်းတစ်ကောင် ဖြစ်ပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို ဝတ်ချင်တာကို ကိုယ်တိုင်မဆင်ပေးခဲ့ပေမယ့်ဝတ်ချင်တာကိုဆင်ပေးနိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို စားချင်တာကိုချက်ပြုတ်မကျွေးခဲ့ပေမယ့်
စားချင်တာကိုချက်ပြုတ်ကျွေးနိုင်အောင် ရှာဖွေပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို ဝမ်းနဲ့ လွယ်မမွေးခဲ့ပေမယ့် ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ အမေနဲ့  သားသ္မီးတွေအတွက် ပူပင်သောကမရှိရအောင်စောင့်ရှောက်ကာကွယ်ပေးနေခဲ့တဲ့သူ၊ မိသားစုတစ်ခုရဲ့ သူရဲကောင်း အဖြည့်ခံမေတ္တာသမားကြီးတစ်ယောက်ဟာ ( အဖေ )ပါပဲ...။
Credit; အညတြ
_______________________________________________
ဖေဖေ့ကိုလည်း  ချစ်ကြပါ
================
ဝမ်းနဲ့မလွယ်ခဲ့ရပေမယ့်  ဝမ်းရေးအတွက်
နေပူကျဲကျဲမှာ ရုန်းကန်ခဲ့ရသူပါ …
နို့ချိုမတိုက်ခဲ့ရပေမယ့်  ထမင်းစေ့လေးတွေ
ဖန်တီးပေးခဲ့သူပါ …
မေမေ့ပါးကို နမ်းတဲ့အချိန်
ဖေဖေ့ပါးကြမ်းကြမ်းမှာ အနမ်းဝေးနေဆဲပါ …
မေမေ့လို  ပုံပြင်မဟြေပြပေမယ့်
ဘဝပုံပြင်တွေကို  လက်တွေ့ချပြသူပါ …
မေမေ  သီချင်းသံတွေကြားမှာ
ဖေဖေ့အတွက် သီချင်းတစ်ပုဒ်စပ်ပေးသူမရှိ …
ရေချိုးပေးတဲ့ မေမေ့ကိုချစ်သလို
ရေခပ်ပေးတဲ့ ဖေဖေ့ကိုမမေ့ပါနဲ့ …
မေမေ့မေတ္တာ  ကြီးမားသလို
ဖေဖေ့မေတ္တာလည်း နက်ရှိုင်းလှပါတယ် …
မေမေ့ကို  ချစ်သလိုမျိုး
ဖေဖေ့ကိုလည်း ချစ်ပေးပါကွယ် …
သားနဲ့သမီးအတွက်ဆို  မေမေက
မိုးကောင်းကင်ကြီးဖြစ်သလို …
ဖေဖေကလည်း  သားနဲ့သမီးရဲ့ဘဝအတွက်
ကမ္ဘာမြေကြီးတစ်ခုပါကွယ် …
မေမေ့နို့ဖိုးဟာ  ဆပ်မကုန်သလို
ဖေဖေ့ချွှေးဖိုးဟာလည်း ဆပ်မကုန်ပါဘူး
ဖေဖေ့ကိုလည်း  ချစ်ပေးကြပါ …
မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည် ×××
  Credit                           အမှောင် ထဲက လူသား
____________________________________________________
အဖေ ဆိုတာ
မချစ်သလိုလိုနဲ့ သားသမီးအိပ်နေရင်
ထွေးပွေ့ရင်း ရှိုက်နမ်းတတ်တာ ' အဖေ' 
မကြင်သလိုလိုနဲ့ နေမကောင်းဖြစ်တဲ့အခါ၊
မိုးလင်းပေါက် ပြု စုတတ်တာ' အဖေ' 
တွန့်တိုတတ်သလိုနဲ့ သားသမီးစားဖို့
ကောင်းနိုးရာရာ ကျွေးမွေးခဲ့တာ ' အဖေ '
မခင်တွယ်သလိုနဲ့ သားသမီးခွဲထွက်သွားတော့
တမ်းတရင်း လွမ်းတတ်တာ 'အဖေ'
ခံစားချက်မဲ့သလိုနဲ့ သားသမီးဒုက္ခဖြစ်တော့
ခိုးခိုးပြီး မျက်ရည်ကျတာ  'အဖေ' ....။
အမေအတွက် အမေ့နို့ဖိုးရှိသလို
အဖေမှာလဲ အဖေ့ချွေးဖိုးဆိုတာရှိတယ်။
ဦးအော်မီ
_______________________________________________
အဖေ့မေတ္တာ
==========
* အဖေကဆူ အမေကချော့
အဲဒီတော့ အမေကိုချစ်တာပေါ့…
( အဖေဆူတဲ့ဒေါသသံဟာ ငါ့သားလေးတစ်နေ့ရင့်ကျက်ဖို့ပါ )
* အဖေကရိုက် အမေကအလိုလိုက်
အဲဒီတော့ အဖေ့စရိုက်ကကြမ်းတယ်ပေါ့…
( အဖေရိုက်တဲ့လက်ဖဝါးတွေမှာ နာကျင်စေမှုတွေမပါဘူး)
( မေတ္တာတွေ ဂရုဏာတွေပါသားရယ် )
* အဖေမပေးနိုင်တဲ့ မေတ္တာ
အဖေမပေးနိုင်တဲ့ နွေးထွေးမှု
အဖေမပေးနိုင်တဲ့ ဖြည့်ဆည်းမှုတွေ
`အမေ´ပေးတယ်လေ။
( အဲဒီမှာတင် အဖေ့မေတ္တာကရှုံးနေပါပြီ )
( ပြုံးနေတဲ့သားမျက်နှာကို အဖေတဝကြီးခိုးကြည့်ဖူးတယ် )
( ဒါကို သားလေးမသိလိုက်ဘူး )
* သားစီးနေတဲ့ ကား ဆိုင်ကယ်
သားဝတ်နေတဲ့ အဝတ်အထည်
သားရေးနေတဲ့ ဘောပင်ထဲက မှင်ရည်တွေဟာ
အဖေ့ချွေးစက်တွေဆိုတာ သားမြင်တတဲ့တစ်နေ့
တကယ်လို့များ သားရဲ့ရှေ့မှာအဖေမရှိတော့ရင်တောင်…
( ခွင့်လွှတ်ပါ အဖေ လို့မတောင်းပန်နဲ့ငါ့သား )
( အဖေဆိုတဲ့နာမည်ရခဲ့တဲ့နေ့ကနေ ဒီနေ့ထိခွင့်လွှတ်ပြီးသား )
( အဲဒါ အဖေတိုင်းရဲ့ ချစ်ခြင်းမေတ္တာတရားပဲ )
( သားမမြင်ခဲ့တဲ့ အဖေ့မေတ္တာတရားပေါ့ )
{{{{ ကဗျာမကျ ကာရံမလှပေမယ့် အဖေ့မေတ္တာဘွဲ့လေးရင်ထဲကသီကုံးဖွဲ့ခြင်းပါ}}}
ဖတ်ပေးတဲ့ fri အားလုံးကိုကျေးဇူးတင်လျှက်…
====================================
❆ အဖေဆိုတာ❆
========== 
- အဖေဆိုတာ နုတ်က ခပ်ကြမ်းကြမ်း ပြောချင် ပြောလိမ့်မယ် 
ဒါပေမယ့် ရင်ထဲက သားသမီး အပေါ် ချစ်တဲ့စိတ်က 
နူးညံ့ သိမ်မွေ့လှပါတယ်။
- အဖေဆိုတာ ငွေကြေး အများကြီး ရှာနိုင်ချင်မှ ရှာနိုင်လိမ့်မယ် 
ဒါပေမယ့် သူရှာကြွေးတဲ့ ငွေကြေးနဲ့ မိသားစု ကို
ထမင်း နပ်မှန်အောင် ကျွေးမယ့်လူမျိုးပါ။
- အဖေဆိုတာ ပညာတတ်ချင်မှ တတ်လိမ့်မယ် 
ဒါပေမယ့် မွေးလာတဲ့ သားသမီးတွေကိုတော့ 
ပညာတတ်ကြီး ဖြစ်စေချင်တယ်။
- အဖေဆိုတာ အသောက်အစား ရှိချင် ရှိလိမ့်မယ် 
ဒါပေမယ့် သားသမီးတွေကိုတော့ လိမ္မာစေချင်တယ်။
အဖေတွေဟာ တစ်ခါတစ်ရံမှာ ရင်ထဲမှာ 
ရှိတာတွေကို ထုတ်ပြီး ဟန်လုပ်ကာ မပြောတတ်ဘူး။ 
နာကျင်စရာ ရှိရင်လည်း မျိုသိပ်ပြီးတော့ နာကျင်လိုက်တယ်၊ 
ပျော်စရာရှိရင် ရင်ထဲကပဲ ပျော်နေလိုက်တယ်။ 
သားသမီးတွေကို အမြဲတမ်း ဝမ်းမနည်းစေချင်ဘူး မပူဆွေးစေချင်ဘူး။ 
အစစ အရာရာ အဖေတို့ အနစ်နာ ခံခဲ့ပါတယ်။
အတွေးအမြင်
လူ တစ်ဦး တစ်ယောက် ဘဝမှာ....
အခက်အခဲတစ်ခုခုကို ကြုံရတဲ့အခါမှာ
ကိုယ့်အသိဥာဏ်နဲ့ ကိုယ် စဉ်းစားပြီးတော့
"ငါဘာလုပ်ရမယ်" ဆိုတာ စဉ်းစားပြီး ဆုံးဖြတ်နိုင်တဲ့သူဟာ
သူ့စိတ်ထဲမှာ ရပ်တည်ရာတစ်ခုခု ရှိနေတယ်....
အခုခေတ်မှာ အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်နေတာ anxiety ဖြစ်ဖို့ရာအတွက် အခြေခံအကြောင်းတစ်ခု ဖြစ်တယ်။ အဓိကက ဘာလဲဆိုတော့ အပြောင်းအလဲတွေ ဖြစ်နေတာဟာ များလွန်းအားကြီးတယ်၊ ကြီးကျယ်လွန်း အားကြီးတယ်။ အဲဒီအပြောင်းအလဲကို လက်ခံပြီး အပြောင်းအလဲအပေါ်မှာ အခြေခံပြီးတော့ ကိုယ့်ဘ၀ကိုကိုယ် အဆင်ပြေအောင် ပြန်ပြီးတော့ ပုံအသစ်ဖမ်းဖို့ မတတ်နိုင်တော့ဘူး။ အပြောင်းအလဲကို ခံနိုင်ရည် မရှိဘူးဆိုပါတော့...
ရှေးခေတ်ကလည်း အပြောင်းအလဲတွေ ဖြစ်ခဲ့တာပါပဲ။ ရှေးတုန်းကလည်း အပြောင်းအလဲဆိုတာ ရှိတာပဲ။ ဒါပေမယ့် ဟိုတုန်းက အပြောင်းအလဲက ဖြည်းဖြည်း ဖြည်းဖြည်းချင်း ပြောင်းလဲတာ။  အပြောင်းအလဲကို နားလည်အောင် ကြိုးစားပြီးတော့ အလိုက်သင့်လေး ပြင်လို့ရသေးတယ်။ ကိုယ့်ရဲ့ အတွေးအခေါ် အယူအဆ၊ လုပ်ပုံကိုင်ပုံ၊ လုပ်ရည်ကိုင်ရည်နဲ့ ကိုယ့်သဘောထားတွေကို တဖြည်းဖြည်းချင်း ညှိယူသွားလို့ရတယ်၊ ပြင်သွားလို့ရတယ်။ အခုခေတ်မှာ အပြောင်းအလဲက တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတော့ ဒီအပြောင်းအလဲတစ်ခုကို ညှိယူဖို့ ကြိုးစားနေတုန်းမှာ နောက်အပြောင်းအလဲတစ်ခုက ဖြစ်နေပြီ။ အဲဒီတော့ ငါတတ်နိုင်မှာ မဟုတ်ဘူးထင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းသွားတဲ့စိတ် ဖြစ်နေတယ်။ "နောက်ထပ် ဘာတွေဖြစ်လာအုံးမလဲ မသိဘူး၊ ဘာတတ်နိုင်တော့မလဲ၊ ဘာမှ မတတ်နိုင်တော့ဘူး"လို့ တွေးတတ်တယ်။
အပြောင်းအလဲတွေ ဖြစ်သွားတဲ့အခါမှာ နားလည်ပြီးတော့ ငါတတ်နိုင်ပါတယ်ဆိုတဲ့ ယုံကြည်မှု ရှိနေတယ်၊ တကယ်လည်း တတ်နိုင်တယ်ဆိုရင် ဒီလောက်ကြီးမားတဲ့သောက မဖြစ်ဘူး...
အဲသလို အပြောင်းအလဲတွေကို ဆက်တိုက်ကြုံတွေ့နေရတဲ့ အခါမှာ ကိုယ်က ခံနိုင်ရည်မရှိတော့ဘူးဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ရော စိတ်ရောဟာ အဲဒီသောကကြောင့် ရောဂါတစ်ခုခုဖြစ်မယ်။ အခုခေတ်မှာ ရောဂါဖြစ်နေကြတာ တော်တော်များများက ဘာကြောင့်မှန်းမသိပဲ စိတ်မအေးတာကြောင့်ပဲ။ (ခန္ဓာကိုယ်ရောဂါ လည်းပါသလို စိတ်ရောဂါလည်းပါတယ်)။
နောက်တစ်ချက်ကလည်း-
ကိုယ်က ဘယ်လို role မျိုးကို ယူရမလဲဆိုတာ မသိတော့တာကြောင့်လည်းပါတယ်။ လူ့လောက လူ့အသိုင်းအ၀ိုင်းမှာ ငါဘယ်လိုနေရာ၊ ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုအလုပ်မျိုး ဘယ်လိုတာဝန်မျိုးကို ယူမလဲ၊ ရပ်တည်ရမလဲဆိုတာ ပြတ်ပြတ်သားသားမသိဘူး။ role ပျောက်သလို ဖြစ်နေတယ်။ သူ့နေရာ ပျောက်သလိုဖြစ်နေတယ်။
တစ်ခုခုကို လုပ်တဲ့အခါမှာ ဘယ်လိုသဘောထား။ ဘယ်လိုခံယူချက်၊ ဘယ်လိုယုံကြည်ချက်မျိုးအပေါ်မှာ ရပ်တည်ပြီး လုပ်ရမလဲဆိုတာ မသိဘူး။ ကိုယ့်ခံယူချက် မရေရာတာ၊ ယုံကြည်ချက် မရေရာတာ၊ ကိုယ့်ရဲ့ရပ်တည်ရာ မရေရာတာဟာ ကြီးမားတဲ့ ပြဿနာပဲ...
သောကဟာ ဘယ်ပေါ်မှာ အခြေခံသလဲဆိုတော့ စိတ်ရှုပ်ထွေးနေတာ၊ မဆုံးဖြတ်နိုင်တာ၊ မကြံတတ် မစည်တတ် ဖြစ်နေတာမှာ အခြေခံတယ်။ ငါတို့ ဘယ်ကိုသွားနေတာလဲ။ သွားတော့ သွားနေတယ်၊ ဘယ်ကိုသွားနေမှန်းမသိဘူး။ ဘယ်ကို ရောက်နေတယ်ဆိုတာ မသိဘူး။ ဒါပေမယ့် သွားတော့သွားနေတယ်။ လမ်းဆိုတာထက် လမ်းပျောက်နေတာက ပိုဆိုးတယ်..
အခက်အခဲတစ်ခုခု ရှိတဲ့အခါမှာ ဘာကြောင့်ဆိုတာ သိရရင်၊ ဘာကိုလုပ်ရမယ်ဆိုတာ မှန်မှန်ကန်ကန် တိတိကျကျ သိပြီးတော့ လုပ်နေရင် စိတ်ထဲမှာ နည်းနည်းသောကရှိနေပေမယ့် မရေရာတဲ့ ကြောက်နေတဲ့စိတ် မဖြစ်ဘူး။ တိတိကျကျ သိပြီးတော့ ဘာကြောင့် ဘယ်လိုဖြစ်တာ-- အဲဒါကြောင့် ဘာလုပ်သင့်တယ်လို့ သိပြီးတော့ လုပ်နေတဲ့လူဟာ စိတ်ကိုရော၊ ခန္ဓာကိုယ်ကိုရော ထိခိုက်သွားလောက်အောင် anxiety မဖြစ်ဘူး။ 
ဘာကို ပူပန်နေမှန်းမသိတဲ့ သောက၊ မရေရာတဲ့ သောက,က စိတ်ကိုရော ခန္ဓာကိုယ်ကိုပါ အများဆုံးထိခိုက်စေတဲ့ သောကမျိုးဖြစ်တယ်။ အမှတ်တမဲ့ တွေးမယ်ဆိုရင်တော့ မရေရာတဲ့သောက,က အရေးမကြီးဘူးလို့ ထင်မယ်။ တကယ်တော့ ဘာကြောင့်ပူမှန်းမသိ၊ ဘာကိုပူမှန်းမသိ၊ ဘာကိုကြောက်မှန်းမသိပဲ ကြောက်နေတာ၊ ဘာကိုစိုးရိမ်မှန်းမသိပဲနဲ့ စိုးရိမ်နေတာ၊ အဲဒါကို ပိုဆိုးတယ်။ ဒုက္ခပိုပြီးတော့ ပေးနိုင်တယ်။..
အခက်အခဲတစ်ခုခုကို ကြုံရတဲ့အခါမှာ ကိုယ့်အသိဥာဏ်နဲ့ ကိုယ် စဉ်းစားပြီးတော့ "ငါဘာလုပ်ရမယ်" ဆိုတာ စဉ်းစာပြီး ဆုံးဖြတ်နိင်တဲ့သူဟာ သူ့စိတ်ထဲမှာ ရပ်တည်ရာတစ်ခုခု ရှိနေတယ်။ ဘာလုပ်၇မယ်ဆို လုံးဝမသိတော့တဲ့အခါမျိုးမှာ သူ့မှာ ငါဆိုတာတောင် ပျောက်သွားပြီ။ ဘာကိုမှ မဆုံးဖြတ်နိုင်တဲ့သူဟာ'I am'လို့ မပြောနိုင်ဘူး။ သူ့ရဲ့ရပ်တည်ရာက မရှိတော့ဘူး။ သူ့မှာ ဘာသတ္တိမှ မရှိတော့ဘူး။ ဒီအဓိပ္ပာယ်ကိုတော့ ဖြည်းဖြည်း ဖြည်းဖြည်းစဉ်းစားပြီး ပြောမယ်။
အကြောက်လွန်နေတဲ့သူဟာ သူ့စိတ်ထဲမှာ အားကိုးရာမဲ့တဲ့ အတွက်ကြောင့်၊ သောကဟာ အပြင်းထန်ဆုံး အခြေအနေကိုရောက်သွားမယ်ဆိုရင် အဲဒါ လူတွေမှာ ကြုံတွေ့ရတဲ့ ဒုက္ခထဲမှာအဆိုးဆုံး အကြီးမားဆုံး ဒုက္ခလို့ ပြောလို့ရတယ်။ အကြောက်လွန်နေတာဟာ အကြီးမားဆုံး ဒုက္ခဖြစ်တယ်။
ရိုးရိုးအခက်အခဲရှိလို့ ပင်ပင်ပန်းပန်း လုပ်ရကိုင်ရတဲ့ ဒုက္ခက အဲဒီလောက် မကြီးဘူး။ ဘာမှ မလုပ်တတ်တော့ပဲ စိုးရိမ်နေရတဲ့ ဒုက္ခက ပိုကြီးပါတယ်..
လေးစားလျက်...Dar Li
စာမဖတ်ကြသော မြန်မာများ
အနောက်နိုင်ငံတွေက
Facebook ကို တီထွင်ပေးလိုက်တယ်
ဖုန်းဆိုတာကို တီထွင်ပေးလိုက်တယ်…
ဒါပေမဲ့ သူတို့ဆီမှာ ဒီနေ့အထိ
စာအုပ်ဆိုင်တွေ ရောင်းကောင်းတုန်းပဲ
စာအုပ်စာပေကို ဖတ်ကောင်းတုန်းပဲ
စာအုပ်တိုက်တွေ အလုပ်ဖြစ်တုန်းပဲ
စာရေးဆရာတွေ အောင်မြင်တုန်းပဲ…
မြန်မာနိုင်ငံမှာတော့
စာအုပ်ဆိုင်ဆိုတာ…
အငြိမ်းစားနဲ့ နိုင်ငံခြားသားတွေပဲ လာကြတယ်၊
စာကြည့်တိုက်ဆိုတာ…
သရဲခြောက်မှာတောင် ကြောက်ရတယ်၊
ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးတွေ
ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တယ်။
အလုပ်မဖြစ်တော့
အလုပ်ဖြစ်တဲ့ စီးပွားပြောင်းရတယ်။
အခု အများဆုံး ဆိုင်တွေဟာ
ဟန်းဆက်နဲ့ ဟန်းဆက်ပြုပြင်ရေးဆိုင်တွေပဲ။
စာပေထုတ်ဝေရေးတွေ တွက်ခြေမကိုက်လို့
ပိတ်သိမ်းကုန်ကြတယ်။
စာရေးဆရာတွေမှာ နာမည်သာရှိတယ်၊
ချမ်းသာဖို့ဝေးစွ ချောင်လည်ဖို့တောင် အနိုင်နိုင်…
စကားမစပ် ဟိုတနေ့က မိမိထုတ်ဝေထားသော စာအုပ်
မည်မျှ ရောင်းထွက်သလဲ သွားမေးကြည့်ရာ
“သုံးနှစ်ပြည့်တော့မယ် အုပ်ရေ ငါးရာ
ခန့်ပင် ကောင်းကောင်း ရောင်းမထွက်ဘူး”
မိမိကတော့ facebook မှာ နာမည်ရတာနဲ့
ထုတ်ဝေကြည့်တာပါ။
တချို့သော လူငယ်ဆိုသူတွေကို ကြည့်လိုက်ပါ၊
တစ်နေ့တစ်နေ့ ဖုန်းကို လက်ညှိုးနဲ့ ပွတ်လိုက်
လက်မနဲ့ ဖိလိုက်၊ ပွတ်ဆွဲလိုက်၊ နှိပ်ထည့်လိုက်။
ဒါက ဘယ်အထိ မှတ်လဲ?
အလုပ်ထဲမှာလည်း ဒါပဲ…
စာသင်ခန်းထဲလည်း ဒါပဲ…
ဘတ်စ်ကားပေါ်လည်း ဒါပဲ…
အိပ်ယာပေါ်လည်း ဒါပဲ…
အိမ်သာထဲမှာလည်း ဒါပဲ…
မိုးလင်းလည်း ဒါပဲ… မိုးချုပ်လည်း ဒါပဲ…
လမ်းသွားရင်းလည်းဒါပဲ---
ရထားပေါ်မှာလည်း ဒါပဲ
အဆိုးဆုံးက
မိတ်ဆွေတွေ ဆွေမျိုးတွေ
လုပ်ဖော်ကိုင်ဖက်တွေ ဝေးကွာနေရာကနေ
ခေတ္တပြန်ဆုံခွင့်ရချိန်မှာတောင်
စကားဖောင်ဖွဲ့ မပြောအားဘူး၊
မပြောဖြစ်ဘူး၊ ပွတ်နေတာပဲ။
အတိုင်းအဆ မရှိ
သတ်မှတ်ချက် မရှိ
ကန့်သတ်ချက် မရှိ
ဒါပဲ လုပ်နေကြတော့တာ...
ဒါကြီးကြည့်ပြီး ပြုံးလိုက်
ဒါကြီးကြည့်ပြီး ရယ်လိုက်
မဲ့လိုက်၊ ဆဲလိုက်…
ဟင်ကနဲ ဖြစ်သွားလိုက်
ဟာကနဲ ဖြစ်သွားလိုက်
ဘုရားတလိုက် နဖူးရိုက်လိုက်နဲ့...
online သုံးပြီး စာဖတ်တယ်၊
အကျိုးရှိတာ လေ့လာတယ်ဆိုသူတွေက
တော်တော့ကို ရှားလာပါတယ်...
မနက်က ကြည့်ရတဲ့ ဗီဒီယိုလေးအကြောင်းကို
သွားသတိရမိတယ်။ အင်တာဗျူးခံရတာတဲ့။
အူကြောင်ကြောင်နဲ့ ဘာမှ မသိကြဘူး။
ဘယ်သိမလဲ စာမှ မဖတ်ကြတော့တာ။
မြန်မာသက္ကရာဇ် မသိ
မြန်မာ ဒုသမ္မတ မသိ
မြန်မာ့လူဦးရေ မသိ
ဒီလောက် အခြေခံတောင် မသိမှတော့
သေချာတယ်…
သိပ္ပံမောင်ဝ မသိ
မင်းသုဝဏ် မသိ
ရွှေဥဒေါင်း မသိ
တက္ကသိုလ်ဘုန်းနိုင် မသိ
မြသန်းတင့် မသိ
ဇော်ဂျီ မသိ
ချစ်ဦးညို မသိ
အောင်သင်း မသိ
ဦးရွှေအောင် မသိ
မင်းလူ မသိ
နီကိုရဲ မသိ
အီကြာကွေး မသိ
ဆင်ဖြူကျွန်း အောင်သိန်း မသိ...
အမေရိကန်ပြည်တွင်းစစ် မသိ
စစ်အေးတိုက်ပွဲ မသိ
အာရပ်နွေဦး မသိ
ပင်လယ်ကွေ့စစ်ပွဲ မသိ
ကိုရီးယားကျွန်းဆွယ်စစ်ပွဲ မသိ
အာရပ်-အစ္စရေး စစ်ပွဲ မသိ…
အရှေ့အလယ်ပိုင်း ပဋိပက္ခ မသိ
ဂျေရုဆလင် မသိ…
ငါးရာ့ငါးဆယ် မသိ
သုံးဆယ့်ရှစ်ဖြာ မသိ
မဟာဗုဒ္ဓဝင် မသိ
ဇာတ်ကြီးဆယ်ဘွဲ့ မသိ…
ကထိန်အကြောင်း မသိ
ASEAN မသိ
UNDP မသိ
UNICEF မသိ
NATO မသိ
OPEC မသိ
G 20 မသိ
UNDP မသိ...
ဘယ်သိမလဲ… စာမှမဖတ်ကြတော့တာ…
ပြောပြန်ရင်လည်း ပြောတဲ့သူ အလွန်
ဉာဏ်ပညာနဲ့ နှလုံးသားစွမ်းရည်ဆိုတာ
တက္ကသိုလ်တက်ရုံ ဘွဲ့ရရုံ
တစ်နှစ် တစ်တန်းအောင်ရုံနဲ့ မရဘူးကွ၊
စာအုပ်စာပေပါ ဖတ်မှရတာ...
ဒါကို ထထကြွားချင်သေးတယ်။
ကျတော်က ဘာနဲ့ ဘွဲ့ရထားတာတွေ
ကျမက ဘာနဲ့ဘွဲ့ယူထားတာတွေပေါ့လေ…
ဘွဲ့ရထားတဲ့ သူတစ်ယောက်က
ရှေ့ကလည်း မဖြစ်
နောက်ကလည်း မဖြစ်
လက်တွဲခေါ်လည်း အဆင်မပြေ။
မှတ်ထား…
မနေ့က ဘွဲ့ရတယ်
ဒီနေ့ စာဆက်ပြီး မလေ့လာရင်
စာပေဗဟုသုတ မရှာဖွေ မဖတ်ရှုရင်
မနက်ဖြန်ကစပြီး သင်ဟာ…
စာမတတ်သူပဲ ဆိုတာကိုလေ…
ဟိုဟာ မေးလည်း မသိ
ဒီဟာ မေးလည်း မသိဆိုမှတော့
သေချာတယ်…သူတို့ဟာ
မှန်သလား မှားသလား မသိ
တရားသလား မတရားသလား မသိ
သာသလား နာသလား မသိ
ထူသလား ပါးသလား မသိ
ချိုသလား ခါးသလား မသိ
သင့်သလား မသင့်သလား မသိ
တော်သလား ညံ့သလား မသိ
အဓိကလား သာမညလား မသိ
လုပ်သင့်သလား မလုပ်သင့်ဘူးလား မသိ
ကျေးဇူးရှင်လား ဘာလားလဲ မသိ
လေးစားသင့်သူလား ဘာလားလဲ မသိ
ဘာဆိုဘာမှ မသိ…
အင်းးး…
ဒီလောက်တောင် မသိမှတော့
ဒီမိုး ဒီလေ ဒီလူတွေနဲ့
ဒီခရီးကို ဘယ်လိုလုပ်ပြီး ဆက်ကြမလဲဆိုတာ
ကိုယ်တွေလည်း မသိတော့ဘူး။
…………………………
(အတွေးလှဆရာတော်)
ဘယ်ခြေလှမ်းနဲ့ စမလဲ
(ဓမ္မလား၊ အဓမ္မလား)
ခြေလှမ်းတစ်ရာနဲ့သွားရင် ပန်းတိုင်ရောက်မယ့်ခရီးမှာ
ဘယ်ခြေလှမ်းက အရေးကြီးဆုံးလဲလို့ မေးလာရင်
ခြေလှမ်းတစ်ရာလုံးဟာ အရေးကြီးတာပါပဲ။
ပထမခြေလှမ်းမသွားသေးဘူးဆိုရင်
ဒုတိယခြေလှမ်းကို ဘယ်လိုလှမ်းထွက်ရမလဲ။
ဒုတိယခြေလှမ်းမရှိဘူးဆိုရင်လည်း တတိယမြောက်
ခြေလှမ်းဟာ ရှိလာမှာ မဟုတ်ဘူး။
အဲဒီခြေလှမ်းတွေမရှိလို့ရှိရင် ၁၀၀ မြောက်
ပန်းတိုင်ရောက်မယ့် ခြေလှမ်းရော ရှိနိုင်ပါ့မလား။
ဘယ်ခြေထောက်ကို စလှမ်းရမလဲလို့
စဉ်းစားနေမယ့်အစား စတင်ခြေလှမ်းလိုက်မှသာ
ပန်းတိုင်ကိုရောက်ရှိမှာဖြစ်တယ်။
.
.
.
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
[First weekly ဂျာနယ်]
Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm
Friday, March 11, 2016
UNICODE
လေလာတဲ့အရပ်ကို ကျောပေးပါ
တစ်နေ့မှာတော့ အမတ်ကြီးနဲ့ ဘုရင့်သားဟာ ဆိပ်ကမ်းတစ်ခုကို ထွက်လာခဲ့ပါတယ်။ ပြီးတော့ အဲဒီဆိပ်ကမ်းမှာ လိုက်လံလေ့လာကြတယ်။ မင်းသား သတိထားမိတာတစ်ခုကတော့ ရွက်လှေပဲ။ ရွက်လှေတွေဟာ အရွယ်အစားကြီးမားပြီးတော့ လေးလံပေမဲ့ ရွက်တွေချလိုက်တဲ့အခါမှာ အလျင်အမြန် သွားတတ်ကြတယ်။
မင်းသားက " အမတ်ကြီးရွက်လှေတွေဟာ အဘယ်ကြောင့် မြန်မြန်ပို၍သွားရသနည်း"
အမတ်ကြီးက " အရှင့်သား ရွက်လှေတွေဆိုသည်မှာ လေ၏သယ်ယူဆောင်မမှုကို အဓိကထား၍သွားနေကြခြင်းဖြစ်သည်။ ရွက်လှေတို့မည်သည် လေလာရာအရပ်ကို ကျောပေးပြီးတော့ ရွက်လွှင့်မှသာ ရှေ့သို့ရောက်မည်ဖြစ်ပြီး လေတိုက်ရာအရပ်သို့ မျက်နှာမူ၍သွားသော် ခရီးရောက်သည်မရှိ။"
အရှင့်သားမှတ်သားထားပါ။
လူ့ဘဝမှာလဲ ဒီလိုပါပဲ။ မိမိလုပ်ကိုင်နေတဲ့ အလုပ်တွေမှန်သမျှအပေါ် တွန်းအား သက်ရောက်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ မနာလို ဘေးပြောမှုတွေ အမှားအယွင်းတွေ ကြုံတွေ့လာရတတ်ပါတယ်။ အဲဒီတော့ မနာလိုဘေးပြောမှုတွေကို လှည့်ပြီးရင်ဆိုင်နေရင်၊ဖြစ်ခဲ့တဲ့ အမှားအယွင်းတွေကိုလှည့်ကြည့်နေပြီး ဆက်လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့ဘူး၊ စိတ်ဓါတ်ကျနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ခရီးကိုရောက်ဖို့ နှောင့်နှေးတတ်ပါတယ်။ဖြစ်ခဲ့ဖူးတဲ့ အမှားအယွင်းတွေကိုသင်ခန်းစာယူပြီး ၊ဘေးပြောမှုတွေကို လေတိုက်နှုန်းလို့ သဘောထားပြီးတော့ ကျောခိုင်းပေးလိုက်မယ်ဆိုရင် ကိုယ်လိုရာခရီးကို လျှောက်လှမ်းနိုင်တဲ့ အင်အားတွေဖြစ်သွားပြီးတော့ အရှင့်သားကို မြန်မြန်ခရီးတွင်စေမှာဖြစ်ပါတယ်။          ။
မောင်စိုင်း
လောကဓံ နှင့်​ လူ့အားမာန်
`အတ္တာဟိ အတ္တနောနာထော ၊ ကောဟိနာထော ပရောသိယာ´
`မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။  သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်အံ့နည်း´ ဟူ၍ မြတ်ဗုဒ္ဓ မိန့်ဆိုတော် မူပါသည်။
မိမိကိုယ်ကို မိမိ ယုံကြည်ခြင်း (self confidence) သည် `မိမိ ကိုယ်ကို အားကိုးခြင်း´ ဟူသော အချက်နှင့် ဆက်စပ်နေသည့် အရည်အသွေး တစ်ခုပင် ဖြစ်ပါသည်။
 လောကဓံတရား ရှစ်ပါးကို ကြံ့ကြံ့ခံ နိုင်သည့် စွမ်းရည် ပြည့်မြောက်စေရန် အထူးပင် ကြိုးစားသင့်လှ၏။
.          ဘဝ သည် တို၏။
.          သံသရာကား အနတဂ္ဂမ ဟု ဆိုရလောက်အောင် များမြောင် ရှည်လျားလှပါပေ၏။
.          အသိဝင်  သတိဆင်ခြင် နိုင်ကြပါစေကြောင်း မေတ္တာ စေတနာ များစွာဖြင့် . . . . .
ဘဝ၏အဓိပ္ပါယ်​ ရှာကြည့်​ရာဝယ်​ ...
ဘ ဝ ၏ အ ဓိ ပ္ပါ ယ် ရှာ ကြ ည့် ရာ ဝ ယ်​ ...
.  .  .  .  .  .  .  .  .  .  .  .  .  .  .  .  .
*     ဘဝသည် သမုဒ္ဒရာ ရေပြင်ကဲ့သို့ အပြောကျယ်၍ နက်ရှိုင်း သော သဘောရှိ၏။
*     သောင်ကမ်းမမြင်၊ အနက်မထင်၊ လောကီသညာ ဟူသော တိမ်သလ္လာကို မဖောက်ထွင်းနိုင်ဘဲလျက် လောကီ အမြင် သက်သက်မျှဖြင့် ဘဝ၏ အဓိပ္ပါယ်ကို ဖော်ထုတ်ရန် ကြိုးစားပါလျှင် အနက်မှန်ကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။
*     ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်၌ ဆောင်ရွက် စရာ ကိစ္စများကား အတောမသတ် နိုင်လောက်အောင်ပင် များပြားလှပါပေ၏။
*     စည်းစိမ်ဥစ္စာ၊ ရတနာရွှေငွေ နှင့် ရာထူးအာဏာတို့သည် ဘဝ၏ ပျော်ရွှင်ချမ်းသာမှုကို တကယ်တန္တု ပေးစွမ်းနိုင်ကြ ပါ၏လော။
*     သူတကာတို့၏ ချီးမွမ်းစကား၊ ထင်ပေါ် ကျော်ကြားမှု တို့သည် ဘဝကို အမှန်ပင် တင့်တယ်စေကြပါ၏လော။
*     ထိုထိုသော စည်စိမ်ဥစ္စာ ရာထူးအာဏာ ဂုဏ်ဒြပ် အဆောင်အယောင်တို့သည် မတည်မြဲသော သင်္ခါရ တရားများ ဖြစ်ကြသဖြင့် ဘဝ၏ အနှစ်သာရများ မဟုတ်ပါချေ။
*     သေလွန်သောအခါ မိမိနှင့်အတူ လိုက်ပါသွားနိုင်သော တရားများလည်း မဟုတ်ပါချေ။
*     သေလွန်သည့်အခါမှ ထိုပစ္စည်းဥစ္စာ ရာထူးအာဏာ တို့က တစ်ခြား၊ မိမိဘဝသည် တစ်ခြား ဟုသိလျှင် အလွန် နှောင်းသွားပေလိမ့်မည်။
*     အဖိုးအနဂ္ဃ ထိုက်တန်သည့် လူ့ဘဝတစ်ခုသည် အချည်းနှီး ဖြစ်ရချေတော့မည်။
*     ဘဝ၏တန်ဖိုးကို ဖြတ်ရာ၌ အံ့သြ ချီးမွမ်းဖွယ်ရာ သံဝေဂ လင်္ကာတစ်ပုဒ်ကို မိတ်ဆွေတို့ ပြန်လည်ခံစားစေလို သောဆန္ဒ ကျွန်ုပ်တွင် အပြည့်ရှိနေသည် ဖြစ်ပေရာ အတွေး အသိ ဆပွားနိုင်ကြစေဖို့ရာ မျှဝေပါအံ့။
*     ထိုလင်္ကာသည်ကား အနန္တ သူရိယ အမတ်ကြီး သေအံ့ဆဲဆဲ အချိန်တစ်ခဏ၌ မတုန်မလှုပ် တည်ငြိမ်စွာ ဖြင့် ရေးစပ်သီကုံးခဲ့သော သံဝေဂလင်္ကာပင်တည်း။
♪      သူတည်းတစ်ယောက်၊  ကောင်းဖို့ရောက်မူ၊  သူတစ်ယောက်မှာ၊  ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။ .....
♬      ရွှေအိမ်နန်းနှင့်၊  ကြငှန်းလည်းခံ၊  မတ်ပေါင်းရံလျက်၊  ပျော်စံရိပ်ငြိမ်၊  မင်းစည်းစိမ်ကား၊  သမုဒ္ဒရာ၊  ရေမျက်နှာထက်၊  ခဏတက်သည့်၊  ရေပွက်ပမာ၊  တစ်သက်လျာတည်း။ .....
*****     မိမိဘဝ ပျော်ရွှင် ချမ်းသာရေး အတွက် အခြားသူ တို့ကို မျက်ရည်မကျပါစေနှင့်။  ရွှေအိမ်ရွှေနန်းနှင့် ပျော်ရွှင်စွာ စံစားရသော မင်းစည်းစိမ် နှင့် ရာထူး၊ အခွင့်အာဏာ ဟူသည် တို့မှာကား ခဏတစ်ဖြုတ် သာလျှင် တင့်တယ်ပါ ပေလိမ့်မည်။  ဘဝ တစ်သက်တာ ဆိုသည်မှာ ရေပွက် ကလေး တစ်ပွက်မျှလောက်သာ ရှည်ကြာသည်ကို သတိ မမေ့ပါလေနှင့်။  မြတ်သော အတွေး အသိတို့ ဆပွားချင့်ယှဉ် သတိဝင်၍ အတ္တ နှင့် ပရ ညီထွေမျှစွာ သံသရာ အရေး အတွက် ရှုမျှော်တွေးထောက် ကုသိုလ်ရောက် နိုင်ကြပါစေဟု လေးနက်စွာဖြင့် ဆန္ဒပြုလိုက်ရပါပေ၏။
             ..... လောကကို အလှဆင်နိုင်ကြပါစေ .....
                                                                        ဦးလွှမ်းမိုးအောင်