ေလလာတဲ့အရပ္ကို ေက်ာေပးပါ
တစ္ေန႕မွာေတာ့ အမတ္ႀကီးနဲ႕ ဘုရင့္သားဟာ ဆိပ္ကမ္းတစ္ခုကို ထြက္လာခဲ့ပါတယ္။ၿပီးေတာ့ အဲဒီဆိပ္ကမ္းမွာ လိုက္လံေလ့လာၾကတယ္။မင္းသား သတိထားမိတာတစ္ခုကေတာ့ ရြက္ေလွပဲ။ရြက္ေလွေတြဟာ အရြယ္အစားႀကီးမားၿပိးေတာ့ ေလးလံေပမဲ့ ရြက္ေတြခ်လိုက္တဲ့အခါမွာ အလ်င္အျမန္သြားတက္ၾကတယ္။
မင္းသားက " အမတ္ႀကီးရြက္ေလွေတြဟာ အဘယ္ေၾကာင့္ ျမန္ျမန္ပို၍သြားရသနည္း"
အမတ္ႀကီးက " အရွင့္သား ရြက္ေလွေတြဆိုသည္မွာ ေလ၏သယ္ယူေဆာင္မမႈကို အဓိကထား၍သြားေနၾကျခင္းျဖစ္သည္။ရြက္ေလွတို႕မည္သည္ ေလလာရာအရပ္ကို ေက်ာေပးၿပီးေတာ့ ရြက္လႊင့္မွသာ ေရွ႕သို႕ေရာက္မည္ျဖစ္ၿပီး ေလတိုက္ရာအရပ္သို႕ မ်က္ႏွာမူ၍သြားေသာ္ ခရီးေရာက္သည္မရွိ "
အရွင့္သားမွတ္သားထားပါ။လူ႕ဘ၀မွာလဲ ဒီလိုပါပဲ။မိမိလုပ္ကိုင္ေနတဲ့ အလုပ္ေတြမွန္သမွ်အေပၚ တြန္းအားသက္ေရာက္မႈေတြ ျဖစ္ေပၚတက္ပါတယ္။မနာလို ေဘးေျပာမႈေတြ အမွားအယြင္းေတြႀကံဳေတြ႕လာရတတ္ပါတယ္။အဲဒီေတာ့ မနာလိုေဘးေျပာမႈေတြကို လွည့္ၿပီးရင္ဆိုင္ေနရင္၊ျဖစ္ခဲ့တဲ့ အမွားအယြင္းေတြကိုလွည့္ၾကည့္ေနၿပီး ဆက္လုပ္ခ်င္ကိုင္ခ်င္စိတ္ေတြမရွိေတာ့ဘူး၊စိတ္ဓါတ္က်ေနမယ္ဆိုရင္ ကိုယ္လိုခ်င္တဲ့ ခရီးကိုေရာက္ဖို႕ ေႏွာင့္ေႏွးတတ္ပါတယ္။ျဖစ္ခဲ့ဖူးတဲ့ အမွားအယြင္းေတြကိုသင္ခန္းစာယူၿပီး ၊ေဘးေျပာမႈေတြကို ေလတိုက္နႈန္းလို႕ သေဘာထားၿပီးေတာ့ ေက်ာခိုင္းေပးလိုက္မယ္ဆိုရင္ ကိုယ္လိုရာခရီးကို ေလွ်ာက္လွမ္းနုိင္တဲ့ အင္အားေတြျဖစ္သြားၿပီးေတာ့ အရွင့္သားကို ျမန္ျမန္ခရီးတြင္ေစမွာျဖစ္ပါတယ္။
UNICODE
လေလာတဲ့အရပ်ကို ကျောပေးပါ
တစ်နေ့မှာတော့ အမတ်ကြီးနဲ့ ဘုရင့်သားဟာ ဆိပ်ကမ်းတစ်ခုကို ထွက်လာခဲ့ပါတယ်။ ပြီးတော့ အဲဒီဆိပ်ကမ်းမှာ လိုက်လံလေ့လာကြတယ်။ မင်းသား သတိထားမိတာတစ်ခုကတော့ ရွက်လှေပဲ။ ရွက်လှေတွေဟာ အရွယ်အစားကြီးမားပြီးတော့ လေးလံပေမဲ့ ရွက်တွေချလိုက်တဲ့အခါမှာ အလျင်အမြန် သွားတတ်ကြတယ်။
မင်းသားက " အမတ်ကြီးရွက်လှေတွေဟာ အဘယ်ကြောင့် မြန်မြန်ပို၍သွားရသနည်း"
အမတ်ကြီးက " အရှင့်သား ရွက်လှေတွေဆိုသည်မှာ လေ၏သယ်ယူဆောင်မမှုကို အဓိကထား၍သွားနေကြခြင်းဖြစ်သည်။ ရွက်လှေတို့မည်သည် လေလာရာအရပ်ကို ကျောပေးပြီးတော့ ရွက်လွှင့်မှသာ ရှေ့သို့ရောက်မည်ဖြစ်ပြီး လေတိုက်ရာအရပ်သို့ မျက်နှာမူ၍သွားသော် ခရီးရောက်သည်မရှိ။"
အရှင့်သားမှတ်သားထားပါ။
လူ့ဘဝမှာလဲ ဒီလိုပါပဲ။ မိမိလုပ်ကိုင်နေတဲ့ အလုပ်တွေမှန်သမျှအပေါ် တွန်းအား သက်ရောက်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ မနာလို ဘေးပြောမှုတွေ အမှားအယွင်းတွေ ကြုံတွေ့လာရတတ်ပါတယ်။ အဲဒီတော့ မနာလိုဘေးပြောမှုတွေကို လှည့်ပြီးရင်ဆိုင်နေရင်၊ဖြစ်ခဲ့တဲ့ အမှားအယွင်းတွေကိုလှည့်ကြည့်နေပြီး ဆက်လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့ဘူး၊ စိတ်ဓါတ်ကျနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ခရီးကိုရောက်ဖို့ နှောင့်နှေးတတ်ပါတယ်။ဖြစ်ခဲ့ဖူးတဲ့ အမှားအယွင်းတွေကိုသင်ခန်းစာယူပြီး ၊ဘေးပြောမှုတွေကို လေတိုက်နှုန်းလို့ သဘောထားပြီးတော့ ကျောခိုင်းပေးလိုက်မယ်ဆိုရင် ကိုယ်လိုရာခရီးကို လျှောက်လှမ်းနိုင်တဲ့ အင်အားတွေဖြစ်သွားပြီးတော့ အရှင့်သားကို မြန်မြန်ခရီးတွင်စေမှာဖြစ်ပါတယ်။ ။
ေမာင္စိုင္း