✿ ဘာလို့ဆင်းရဲတာလဲ ✿
══════════════
ဆင်းရဲသားတစ်ယောက်က ဘုရားရှင်ကိုမေးတာ" ဘာဖြစ်လို့ကျွန်တော်မျိုးဟာ မွဲတေဆင်းရဲနေရတာလည်း"ဘုရား
ဘုရားရှင်က ပြောပါတယ်။ သင်ဟာ" ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်းကို မသိလို့ပါပဲ။
ဆင်းရဲသားက ပြန်ပြောတာ ကျွန်တော်မျိုး" မှာ.....ပေးကမ်းစရာ ဘာမှမှ မရှိတာ.....ဆိုတော့" မြတ်စွာဘုရားရှင်က သင်ပေးတာ" သင့်မှာ ရှိနေတာတွေ မနည်းပါဘူး။
မျက်နှာ- အပြုံးတွေပေးစွမ်းနိုင်တယ်။
လန်းဆန်းမှု-တက်ကြွမှု-ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။
ပါးစပ်- - သင်"သူတပါးကို ချီးမွမ်းစကားတွေ-အားပေးစကားတွေ-မင်္ဂလာရှိ ကောင်းမွန်တဲ့စကားတွေ ပြောပေးလို့ရနိုင်တယ်။
-နှလုံးသား -တပါးသူကို ရင်ဖွင့်ပြနိုင်တယ် စစ်မှန်ခြင်းတွေ "ဖြူစင်ရိုးသားမှုတွေ"နဲ့ မေတ္တာတရားတွေ ပေးစွမ်းနိုင်တယ်။
မျက်လုံး- တပါးသူကို ကောင်းမွန်တဲ့ စေတနာအမြင်နဲ့ မြင် ကြည့်လို့ရတယ်၊
နွေးထွေးဖော်ရွေးတဲ့ အကြည့်နဲ့ ပေးစွမ်းနိုင်တယ်"
ကိုယ်ခန္ဓာ-သူ့ကိုအသုံးချပြီး သူတပါးကို ကူညီနိုင်တယ်။
ဒါကြောင့် သင်ဟာ မဆင်းရဲပါဘူး။ စိတ်ထဲက နှိမ့် ကျဆင်းရဲခြင်းတွေကသာလျင် ဆင်းရဲခြင်းအစစ်ဖြစ်တယ်။
ချစ်ခြင်းမေတ္တာတွေ ပေးလွတ်လိုက်တဲ့အခါ
ချစ်ခြင်းမေတ္တာတွေ ပြန်ရောက်လာမယ်
သူတပါးကို ကူညီလိုက်တဲ့အခါ ကူညီမှုတွေက ပြန်ရောက်လာမယ်
ပျော်ရွှင်မှုတွေပေးလိုက်တဲ့အခါ
ပျော်ရွှင်မှုတွေကပြန်ရောက်လာတတ်တယ်။ ဒါဟာ အကျိုးနဲ့အကြောင်း ဖြစ်သလို လောကကြီးရဲ့ သဘာဝပဲ ပေးဆပ်လေလေ ရရှိလေလေပါပဲ။
................................................................................
သန်လျင်မြို့ သတင်းစုံမှ ကူးယူဖော်ပြပါသည်။