ဆားတောင်ဆရာတော်ဘုရားကြီး *ဦးပညာဏိက*၏ ထိ သိ သတိ ဆုံးမသြဝါဒများအား ပူဇော်ပေးလိုက်ပါသည်။
၁* တရားနှင့်အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်မွေ့လျော်ခြင်း၊ ဒါအပ္ပမာဒတရားဘဲ။
၂* တောထဲလွှတ်ကျောင်းတဲ့နွားတွေဟာ နေ့တိုင်းနေ့တိုင်းဒီစားကျက်ပဲ စားနေကြတာပဲ၊ စားစရာမရှိဘူး ထင်ရပေမယ့် စားပါများတော့လည်း ဗိုက်ပြည့် တာပဲ၊ တရားဆိုတာလဲဒီအတိုင်းပါပဲ၊ ဒီ ခန္ဓာပဲ နေ့စဉ်ရှုမှတ်နေရမှာပါပဲ။
၃* ပြပဿနာကကိုယ့်ဆီလာတာမ ဟုတ်ပါဘူး။ ပြဿနာကိုသာ ကိုယ်က လက်ခံထားလို့ ရှိနေတာပါ။
၎* ဘာမဆိုအတွင်းကအေးနေအောင်လုပ်ရ တယ် ၊ အပြင်က ဘယ်လောက်ပူပူ၊ အတွင်းကအေးနေတော့ အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းက ပူတော့ပူတာပဲ။
၅* အားကိုးမမှားစေနဲ့၊ မိမိကိုယ်ကိုအားကိုးရမယ်။
၆* ခန္ဓာကတော့ သူ့တရားသူပြနေတာပဲ။ လောဘဒေါသမောဟ ဖုံးနေတော့ ဘာမှမသိလိုက်ရဘူး။
၇* ခန္ဓာရှိနေသရွေ့အမြဲတမ်းဆင်းရဲ နေမှာပဲ။ ဆင်းရဲတွင်းကလွတ်ဖို့တရားအားထုတ်ပါဆိုတော့မထုတ်ချင်ကြဘူး။
၈* စိတ်ကဖြတ်လို့ပြတ်တာမဟုတ်ဘူး။ တရားကဖြတ်မှပြတ်တာတရားရှိအောင် အားထုတ်ကြ။ တရားရှိတော့ တရားကပဲ ဖြတ်ပေးတယ်၊ ပြတ်ပေးတယ်၊ ပယ်ပေးတယ်။
၉* ဘယ်လိုပုဂ္ဂိင်္ုံလ်ပဲဖြစ်ဖြစ် တရားကတော့အားထုတ်ရမှာပဲ၊ အားထုတ်ခွင့် ကြုံတုံး၊ အားထုတ်ကြ၊ သာသနာပပြီ ဆိုရင်တော့ ဝိပဿနာနဲ့တွေ့ရမှာ မဟုတ် ဘူး။ ဒီတော့ ပိုနစ်နာတယ်။
၁၀* တရားအားထုတ်ဖို့တော့ မအားဘူး၊ မအားဘူး လို့ပြောနေကြတယ်။ သေချိန်ကျလာလို့ မသေချင်ဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး၊ မအားဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။

*ထေရုပ္ပတ္တိနှင့်တရားကျင့်စဉ်*မှ မျှဝေပူဇော်ပါသည်။