Saturday, February 27, 2016
ကာယမုဒုတာ ၊ စိတ္တမုဒုတာ
"""ကာယမုဒုတာ ၊ စိတ္တမုဒုတာ"""
"ကာယမုဒုတာ ၊ စိတ္တမုဒုတာ" ၊ စေတသိက်ရဲ့ နူးညံ့ပျော့ပျောင်းမှု ၊ စိတ်ရဲ့ နူးညံ့ပျော့ပျောင်းမှု ၊ နူးညံ့ပျော့ပျောင်းတယ်ဆိုတာ ခက်ထန်မှု ကင်းတာ၊ အဲဒီတော့ စိတ်က ဘယ်လိုအချိန် ခက်ထန်သလဲဆိုရင် ဒေါသထွက်တဲ့စိတ် မခက်ထန်ဘူးလား၊ စိတ်ဆိုးနေတဲ့အချိန် ခက်ထန်နေမှာပဲ၊ နောက် မာနဖြစ်နေတဲ့သူရဲ့ စိတ်ရော ခက်ထန်နေတာပဲ၊ စာထဲမှာ ဘယ်လိုပြောထားလဲဆိုရင် "သံချောင်းကြီး မြိုထားတဲ့ မြွေလိုပဲ" တဲ့၊ ခွေလို့ မရတော့ဘူး၊ အဲဒီမာနရှိတဲ့ သူက ရင်ကော့ပြီး သွားတာ၊ လူကြီးသူမတွေရှေ့လည်း ကုန်းလို့ မရဘူး၊ မာနရှိရင် ကုန်းလို့ မရတော့ဘူး၊ ကော့ထားတာ၊ အဲဒီလို မာန်မာန ရှိလာပြီဆိုရင် လူ့စိတ်ဟာ ပျော့ပျောင်းတာမျိုး မဖြစ်တော့ဘူး၊ လိုသလို လုပ်လို့ မရဘူး၊ ထောင်ထောင်နဲ့ ဖြစ်နေပြီ၊ မာနဆိုတဲ့ ကိလေသာ စိတ်အညစ်အကြေးကို ကာယမုဒုတာ စိတ္တမုဒုတာနဲ့ ဖယ်ရှားပစ်ပါ။
ဒီ မုဒုတာကို ကိုယ့်သန္တာန်မှာ ထူထောင်ရမယ်၊ စိတ်ဓာတ် နူးညံ့တယ် ပျော့ပျောင်းတယ်၊ သူ့ဆိုင်ရာဆိုင်ရာ ဆန့်ကျင်ဘက် သဘာဝတရားတွေကို ဖယ်ရှားပစ်တယ်၊ ဒါက special ကို ပြောတာပေါ့၊ ဆေးဆိုတာဟာ တစ်ခါတစ်ရံမှာ သီးသန့် ထုတ်လုပ်တာ ရှိတယ်၊ ဥပမာ သွေးတိုးရောဂါအတွက်ဆေး ၊ ဆီးချိုရောဂါ အတွက်ဆေး၊ general ကျတော့ ကိုက်တာခဲတာ အားလုံး သုံးလို့ရတာမျိုး၊ special ကျတော့ မဟုတ်တော့ဘူး၊ ဒီ ရောဂါ အတွက် သီးသန့်ထုတ်တာ။
အဲဒီလိုပဲ ဒီ သဘာဝတရားလေးတွေက ဆိုင်ရာဆိုင်ရာ ကိလေသာတွေ စိတ်အညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့ သီးသန့်လေးတွေ၊ ဒါတွေကို ကြိုးစားပြီးတော့ ထူထောင်ပေးရမယ်၊ ကုသိုလ်စိတ်တွေ ဖြစ်လာတဲ့အခါမှာ ဟောဒီ သဘာဝတရားလေးတွေ ကိုယ့်သန္တာန်မှာ ဖြစ်လာနိုင်တယ်။
************************************
ကျေးဇူးတော်ရှင်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော
"အဘိဓမ္မာ မြတ်ဒေသနာ
စိတ်ဖြူစင်မှု အင်အားစုများ အပိုင်း (၂)"
အကြောင်းတရားဒေသနာတော်မှ
ကူးယူရေးသား၍
အမတဒါန ၊ ဓမ္မဒါန အဖြစ်ဖြင့်
မျှဝေဖော်ပြအပ်ပါသည်။
************************************
မှန်ကန်သော ဓမ္မအသိတို့ဖြင့် အကျိုးရှိရှိ နေနိုင်ကြပါစေ ကုန်သတည်း။