ဒီနေရာမှာ အကြောင်းတရားကို ဟောလိုက်တာ၊
ယေ ဓမ္မာ- အကြင် အကျိုးတရားတွေဟာ၊ ဒုက္ခသစ္စာဆိုတဲ့ အကျိုးတရား
တွေဟာ၊
ဟေတုပ္ပဘ၀ါ- အကြောင်းကနေ စတင်ပြီး ဖြစ်လာကြတာပါ၊
အကြောင်းကို စွဲပြီးတော့ ဖြစ်ကြတာပါ၊ အကြောင်းမရှိဘဲနဲ့ လုံးဝမဖြစ်ပါ။
တို့တစ်တွေသန္တာန်မှာ ဖြစ်နေတဲ့ အရာမှန်သမျှ အကြောင်းပေါ်မှာ စွဲမှီပြီး ဖြစ်နေတာချည်းပါပဲ၊
အဲဒီ အကြောင်းကို စွဲမှီပြီးတော့ ဖြစ်နေတာ၊ မဖြစ်ခင်က တစ်နေရာရာမှာ ရှိနေတာ (လုံးဝ)မဟုတ်ပါ။
ဖြစ်ပြီးတော့ရော တစ်ခါထဲ ပျောက်သွားကြတာပါပဲ၊ အဲဒါကို အနိစ္စလို့ ခေါ်ပါတယ်။
{ ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ အရှင်နန္ဒမာ
လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။