. " ပြော သင့် စ ကား ၊ ဖြစ် ပေ ငြား ၊ မ ပြော ကြား သင့် သူ "
**************************************************
မိမိ စကား ပြောမည့်သူဟာ မိမိ စကားကို ခံယူနိုင်သူ ဟုတ်, မဟုတ် ချင့်ချိန်ဖို့ လိုတယ် ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး
ဗုဒ္ဓ ရဲ့ ဆုံးမသြဝါဒ တစ်ခု ရှိခဲ့ပါတယ် ။
" ရဟန်းတို့ , ပုဂ္ဂိုလ်ကို ထောက်ဆပြီးလျှင် ငါးဦးသော ပုဂ္ဂိုလ်တို့အား ပြောကြားအပ်သော စကားသည် ကောင်းသော
စကားပင်ဖြစ်သော်လည်း မကောင်းသောစကားဖြစ်တတ်ဧ။် ။ အဘယ်ငါးဦးတို့နည်း ဟူမူကား :---
၁ ။ သဒ္ဓာတရား ခေါင်းပါးသော ပုဂ္ဂိုလ်ဧ။် အထံဝယ် သဒ္ဓာတရားနှင့်စပ်သော စကားကို ပြောကြားခြင်းသည်လည်း
မကောင်းသဖြင့် ပြောကြားအပ်သော စကား ဖြစ်တော့ဧ။် ။
၂ ။ သီလ မရှိသော ပုဂ္ဂိုလ်ဧ။် အထံ၌ သီလနှင့်စပ်သော စကားသည်လည်း မကောင်းသော စကားပင် ဖြစ်တော့ဧ။် ။
၃ ။ ဗဟုသုတ နည်းပါးသော ပုဂ္ဂိုလ်ဧ။် အထံ၌ ဗဟုသုတနှင့်စပ်သော စကားသည်လည်း မကောင်းသော စကားပင် ဖြစ်တော့ဧ။် ။
၎ ။ ဝန်တိုစေးနှဲသော ပုဂ္ဂိုလ်ဧ။် အထံ၌ စွန့်ကြဲခြင်းနှင့် ပတ်သက်သော စကားသည်လည်း မကောင်းသော ၊ အကြားရခက်သော ၊
အကြားရ ကတ်သော စကားပင် ဖြစ်တော့ဧ။် ။
၅ ။ ပညာမဲ့သော ပုဂ္ဂိုလ်ဧ။် အထံ၌ ပညာနှင့်စပ်သော စကားသည်လည်း မကောင်းသော စကားပင် ဖြစ်တော့ဧ။် ။
အဂုင်္တ္တရနိကယ် ၊ ပဉ္စကနိပါတ် ၊ ဒုက္ကထာသုတ် ။
ရဟန်းတို့ - - - , အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သည် မည်ဧ။် ။ အပြစ်မရှိ ။ ပညာရှိတို့ မကဲ့ရဲ့အပ်ကုန် ။
အဘယ်ငါးမျိုးနည်း ဟူမူ .........
၁ ။ ပြောဆိုရန် အချိန်အခွင့် သင့်ရောက်သော ကာလ၌ ပြောဆိုခြင်း သည်လည်း တစ်ပါး ။
၂ ။ မှန်ကန်စွာ ပြောဆိုခြင်း သည်လည်း တစ်ပါး ။
၃ ။ နူးညံ့သိမ်မွေ့စွာ ပြောဆိုခြင်း သည်လည်း တစ်ပါး ။
၎ ။ အကြောင်းအကျိုးနှင့် စပ်သည်ကိုသာလျှင် ပြောဆိုခြင်း သည်လည်း တစ်ပါး ။
၅ ။ မေတ္တာရှေ့ထား၍ မေတ္တာစိတ်ဖြင့် ပြောဆိုခြင်း သည်လည်း တစ်ပါး ။
ဤအင်္ဂါ ငါးမျိုးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သည် မည်ဧ။် ။ အပြစ်လည်း မရှိ ။ ပညာရှိတို့လည်း မကဲ့ရဲ့အပ်ကုန်သည် ဖြစ်ပေဧ။် ။
အင်္ဂုတ္တရ နိကယ် ၊ ဗြာဟ္မဏဝဂ် ၊ ဝါစာသုတ် ။