Saturday, February 27, 2016
မိရိုးဖလာ ဗုဒ္ဓဘာသာ
မိရိုးဖလာဗုဒ္ဓဘာသာ
***************
အရှင်ဘုရား
ဗုဒ္ဓဘာသာကို မိရိုးဖလာ သဘောထက် သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်သည် ဆိုရာ၌
၁။ မိရိုးဖလာ သဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှု ဟူသည် အဘယ်ပါနည်း။
၂။ မိရိုးဖလာ သဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှုသည် အဆင့်အတန်း နိမ့်ကျပါသလား။
၃။ သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှု ဟူသည် အဘယ်ပါနည်း။
ဖြေကြားပေးတော်မူပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။
မောင်တန်ဆောင် (ယောနယ်)
📝📝📝📝📝📝📝📝📝📝📝📝📝📝
၁။ ရိုးရိုးမိဘတို့ ကိုးကွယ်မှု ထုံးစံအတိုင်း သရဏဂုံသီလခံယူ၍ ကျောင်းကန်ဘုရား သွားလာ လှူဒါန်းခြင်း၊ ဥပုသ်စောင့်ခြင်း၊ ရှင်ပြု ၊ ရဟန်းခံခြင်းတို့ထက် မပိုသော ကိုးကွယ်မှုကို မိရိုးဖလာကိုးကွယ်မှုဟု ဆိုပါသည်။
၂။ ယင်းမိရိုးဖလာ ကိုးကွယ်မှုကို မပျက်မကွက် မှန်မှန်ကန်ကန် အသိဉာဏ်ရှိရှိဖြင့် ကိုးကွယ်သူအဖို့ အပါယ်လေးပါး မလားရေး တို့၌ အတော်အတန် စိတ်ချရ၍ အဆင့်အ တန်း နိမ့်ကျသည်ဟု မဆိုနိုင်ပါ။
၃။ ယင်းမိရိုးဖလာ ကိုးကွယ်မှုကို အားမရ၍ ပညာရှင်ဆရာတော်၊ သံဃာတော်များထံ ချဉ်းကပ်၍ နက်နဲသော ဘာသာရေးတရား များကို လေ့လာခြင်း၊ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများကို အားထုတ်ခြင်း၊ မဂ်တရား၊ ဖိုလ်တရားများကို ရအောင်ကြိုး စားခြင်း စသည်ပြုလုပ်မှုကို မိရိုးဖလာထက် သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်သူဟု ဆိုရပါသည်။ ။