Sunday, February 28, 2016

အာနာပါန အကျိုး (၇) မျိုး


✿ အာနာပါန အကျိုး (၇) မျိုး ✿
═════════════════

(၁) မျက်မှောက်ဘဝ၌ပင် မသေခင်၌အရဟတ္တဖိုလ် ကိုပြီးစေနိုင်ခြင်း

(၂) မသေခင်၌မပြီးခဲ့သော် သေခါနီး၌ုပြီးစေနိုင်ခြင်း

(၃) မသေမီနှင့် သေခါနီး၌မပြီးခဲ့သော် အောက်သံယောဇဉ်ငါးပါးကုန်ခြင်းကြောင့် အသက်တမ်းအလယ်၌ အရဟတ္တဖိုလ်ကိုရောက်၍ပရိနိဗ္ဗါန်ပြု ရသော အနာဂါမ်ဖြစ်နိုင်ခြင်း

(၄) အသက်တမ်းတဝက်ကိုလွန်မှ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗါန်ပြု ရသောအနာဂါမ်ဖြစ်နိုင်ခြင်း

(၅) လုံ့ လပယောဂမပါပဲ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗါန်ပြု ရသော အနာဂါမ်ဖြစ်နိုင်ခြင်း

(၆) လုံ့ လ ပယောဂနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗါန်ပြု ရသော
အနာဂါမ်ဖြစ်နိုင်ခြင်း

(၇) အထက် အထက်သို့ အဆင့်ဆင့်တက်၍အကနိဋ္ဌဘုံရောက်မှ အရဟတ္တဖိုလ်သို့ ရောက်သော အနာဂါမ်ဖြစ်နိုင်ခြင်း။