Saturday, February 27, 2016

ဥစ္စာရှာဖွေ သုံးစွဲနည်း


ဥစ္စာရှာဖွေ သုံးစွဲနည်း
---------------------------

ပျားသည် ပန်းပွင့်ကို မထိခိုက်စေမူ၍ ဝတ်ရည်ကိုသာ စုပ်ယူလျက်
ပျားလပို့ကို အားထုတ် ဆောက်လုပ်သကဲ့သို့ မိမိ သူတစ်ပါး နှစ်ဦးသားကို
မညှဉ်းဆဲ မထိခိုက်စေမူ၍ တရားသဖြင့် ဥစ္စာပစ္စည်းကို စုဆောင်း ရှာမှီးသော သူ၏ စည်းစိမ် ဥစ္စာတို့သည် ခြတောင်ပို့ ကြီးပွားသကဲ့သို့ ကြီးပွားခြင်းသို့ရောက်ကုန်၏။

အိမ်ထောင်သည်ဘဝကို တည်ဆောက်သော အမျိုးသားသည် ဤသို့
စည်းစိမ်ဥစ္စာ တို့ကို ကောင်းစွာစုဆောင်းပြီးလျှင် စည်းစိမ်တို့ကို လေးဖို့လေးပုံ ခွဲဝေရမည်။
ဤသို့ခွဲဝေသုးံစွဲသော ထိုသူသည် ထိုမိတ်ဆွေခင်ပွန်းတို့ကို မကွဲအောင်
ဖွဲ့နှောင်စည်းရုးံနိုင်၏။
တစ်ဖို့သောဥစ္စာဖြင့် စည်းစိမ်ကို ခံစားရမည်။
နှစ်ဖို့တို့ဖြင့် ကုန်သွယ်မှုစသည် ပြုလုပ်ရမည်။
လေးခုမြောက် အဖို့ကိုကား ဘေးရန်ဖြစ်လျှင် အသုးံပြုရန် သိုမှီးသိမ်းဆည်း
ထားရမည်။

မြတ်စွာဘုရား၏ တရားတော်တို့ကို ကြားနာခွင့်ရသူတို့သည်
အလွန့်အလွန် ဘုန်းကံကြီးသူများ ဖြစ်ကြပါပေ၏။

(မိထွေးတော် ဂေါတမီ)